Dec 18, 2007

ဝန်ကြီးဦးအောင်သောင်း ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံ (ချောက်)သို့ ကြည့်ရှုစစ်ဆေးခြင်း


၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီတွင် အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီးဦးအောင်သောင်းသည် မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးညွန့်အောင်၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးဦးစိုးရီနှင့် တာဝန်ရှိသူများလိုက်ပါ၍ မကွေးတိုင်း၊ ချောက်မြို့နယ်၊ ရေတွင်းရွာအနီး မြန်မာ့စက္ကူနှင့် ဓာတုဗေဒလုပ်ငန်း တစ်နေ့တန်(၃၀) ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်စက်ရုံ (ချောက်)သို့ ရောက်ရှိသည်။
ရှေးဦးစွာ ၀န်ကြီးဦးအောင်သောင်းသည် air-compressor (၆)လုံးဖြင့် လေကိုဖိ၍ အောက်စီဂျင် ရရှိအောင် ဆောင်ရွက်မှုလုပ်ငန်း အခြေအနေကိုလည်းကောင်း၊ H2‬ Plant ဌာန၏ သဘာဝဓာတ်ငွေ့ကို ၇၀၀ ဒီဂရီ စင်တီဂရိတ် ရေနွေးငွေ့ဖြင့် ဓာတ်ပြုပြီး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ထုတ်လုပ်မှု အဆင့်ဆင့်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ စက်ရုံမှူးဦးမြတ်ကိုမှ လိုက်လံရှင်းလင်း ပြသပြီး မြန်မာ့စက္ကူနှင့်ဓာတုဗေဒလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးညွန့်အောင်မှ ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ဝန်ကြီးသည် Cooling Tower, Boiler Room Hydrogenation Power, Hydrogenated Solution Storage Tank အခြေအနေအား လိုက်လံကြည့်ရှု စစ်ဆေးပြီး ၀န်ကြီးမှ စက်ရုံအတွင်းအပြင် အမြဲတမ်းသန့်ရှင်း သပ်ရပ်အောင် စီမံဆောင်ရွက်လုပ်ကိုင်ကြရန် မှာကြားသည်။ ဆက်လက်၍ Product Storage ဌာနတွင် ပြင်းအား ၅၀ ရာခိုင်နှုန်းရှိ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် သိုလှောင်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ ၇၅ တန်ဆံ့ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် သိုလှောင်ကန် (၂)ကန် တည်ဆောက်မည့် မြေနေရာနှင့် အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ၀န်ကြီးမှ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် စက်ရုံပတ်ဝန်းကျင်၌ အရိပ်ရပင်နှင့် လေကာပင် စနစ်တကျ စိုက်ပျိုးကြရန် မှာကြားခဲ့သည်။
အဆိုပါ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်စက်ရုံသည် မြန်မာနိုင်ငံတွင် တည်ဆောက်လျက်ရှိသော သတင်းစာ စက္ကူနှင့် အခြားစက္ကူစက်ရုံများ၊ မြန်မာ့အထည်အလိပ် စက်ရုံများတို့အတွက် အရောင်ချွတ်ရာတွင် အသုံးပြုရန် အခြားဝန်ကြီးဌာနမှ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်နှင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေ ရရှိရန် ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်များ ပြည်ပမှ ၀ယ်ယူနေခြင်းအား အစားထိုးဖြည့်ဆည်းရန်၊ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ထုတ်လုပ်မှု နည်းပညာအသစ် ရရှိရန်၊ စက်ရုံတည်ဆောက်ခြင်းဖြင့် ဒေသခံများအလုပ်အကိုင်သစ်များ ရရှိစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေခြင်းများ ဖြစ်ပေါ်လာစေရန် စွန့်ပစ်ရေသန့်စင်မှု၊ အစား အသောက်များ၊ အသားများ၊ ဟင်းသီးဟင်းရွက်များ ဆေးကြောခြင်း၊ အလှပြင် ဆိုင်များတွင် သုံးစွဲခြင်း၊ ဆီ၊ ဆီခဲ၊ ဖယောင်း၊ သားရေ၊ ကော်၊ သိုးမွှေး၊ ဆေးရွက်ကြီး စသည်တို့အား အရောင်ချွတ်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားခြင်းဖြစ်သည်။